၁။ အထွေထွေ
(က) NC Express မှ ပို့ဆောင်မှုအားလုံးသည် ယခုဖော်ြပပါ စည်းကမ်းချက်များ၏ အချက်အလက်များအတိုင်း လိုက်နာထားခြင်းဖြစ်သည်။
(ခ) NC Express နှင့်လက်တွဲလုပ်ကိုင်နေသော Customer များနှင့်လုပ်ငန်းရှင်များသည် ပစ္စည်းစတင်ပို့သည့် အချိန်မှစ၍ အောက်ပါစည်းမျဉ်းများအား သိရှိနားလည် သဘောတူပြီးဖြစ်သည်ဟု သတ်မှတ်ပါသည်။
၂။ ပစ္စည်းပို့ဆောင်မှု လုပ်ငန်းအဆင့်ဆင့်
(က) အောက်ပါစည်းမျဉ်းစည်းကမ်းချက်များနှင့် ကိုက်ညီသည့်ကုန်ပစ္စည်း ၊ စာရွက်စာတမ်းအစရှိသည် တိုကိုသာသယ်ယူပို့ဆောင်ပေးပါမည်။ မည်သည့် ကုန်ပစ္စည်း၊ စာရွက်စာတမ်း ဖြစ်စေ NC Express ၏ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီပါက သယ်ယူပို့ဆောင်ရန် ငြင်းပယ်ခွင့်ရှိပါသည်။
(ခ) စာရွက်စာတမ်းနှင့် ကုန်ပစ္စည်းများ လုံခြုံစိတ်ချမှုရှိစေရန် ထုတ်ပိုးပေးရမည်မှာ ပေးပို့သူ၏ တာဝန်ဖြစ်ပြီးပြန်လည် ထုတ်ပိုးရန် လိုအပ်မှသာ NC Express မှပံ့ပိုးပေးမည် ဖြစ်ပါသည်။
(ဂ) ပေးပို့သူထံမှ စနစ်တကျလုံခြုံစွာ ထုတ်ပိုးထားခြင်းမရှိသော ပစ္စည်းများ၏ ပျက်စီးပျောက်ဆုံးမှုများကို
NC Express မှ တာဝန်ယူမည် မဟုတ်ပါ။
(ဃ) ပစ္စည်းပေးပို့သူမှ ပစ္စည်းလက်ခံမည့်သူ၏ လိပ်စာ အချက်အလက်များကို အသေးစိတ်ဖော်ပြရန် လိုအပ်ပြီးစာရွက် (သို့မဟုတ်) ကုန်ပစ္စည်း အမျိုးအစားကို ဖော်ပြမှသာလျှင် မှန်ကန်တိကျစွာ ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
(င) ပေးပို့သူ၏ ပေါ့လျော့မှုကြောင့် ဖြစ်ပေါ်လာသော ကြန့်ကြာမှုများ၊ ပျက်စီးမှုများနှင့် အခြားကုန်ကျစရိတ်များအား NC Express မှတာဝန်ယူမည် မဟုတ်ပါ။
(စ) ကုန်ပစ္စည်း လက်ခံသူသည် အိမ်တွင်မရှိလျှင်သော်လည်းကောင်း၊ အခြား အကြောင်းပြချက်များကြောင့် သော်လည်းကောင်း နောက်ထပ် ပြန်လည်ပေးပို့ရန် လိုအပ်လျှင် (၃) ကြိမ်အထိသာ အခမဲ့ ဆောင်ရွက်ပေးသွား
မည်ဖြစ်ပြီး (၃) ကြိမ်ကျော်လွန်ပါက ပို့ဆောင်ခကို ပေးပို့သူမှ ထပ်မံပေးဆောင်ရမည်ဖြစ်သည်။
(ဆ) အလွန်အမင်း ပေါ့ပါးသောပစ္စည်းများ (သို့မဟုတ်) ၁ပေ ထုထည်တွင် 3kg အောက်လျော့နည်းသော ပစ္စည်းများအား ထုထည်နှုန်းထားတွက်ချက်နည်းဖြင့် တွက်ပေးမည်ဖြစ်သည်။ ထုထည်နှုန်းထား တွက်ချက်နည်း
(Volume Matrix) (အလျား x အနံ x အမြင့်) (cm / 6000)
(ဇ) AWB နံပါတ်အား အသုံးပြု၍ www.ncexpress.com တွင်မိမိတို့၏ ပစ္စည်းပို့ဆောင်မှုအခြေအနေ (Tracking) အား ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
(ဈ) ပစ္စည်းလက်ခံသူသည် ပစ္စည်းလက်ခံသည်နှင့် တစ်ခါတည်းစစ်ဆေးပြီးမှ လက်ခံလက်မှတ်ရေးထိုးပေးရမည်။ ထို့ကြောင့် လက်ခံရယူသော ပစ္စည်းများအား ကောင်းမွန်စွာ လက်ခံရယူပြီးစီးကြောင်းသတ်မှတ်ပါသည်။
(ည) တရားမဝင် ပစ္စည်းများကြောင့် တရားစွဲဆိုခံရခြင်း တစုံတရာဖြစ်ပေါ်လာပါက NC Express မှ ကင်းလွတ်ခွင့်ရှိသည်ကို ပေးပို့သူမှ သဘောတူပြီး ဖြစ်ရပါမည်။
၃။ အခွန်ဆောင်ရသည့် သွင်းကုန် ထုတ်ကုန် ပစ္စည်းများ
(က) NC Express မှ ကုန်ပစ္စည်းပေးပို့သူနှင့် သဘောတူညီထားသည့် အတိုင်း အကောက်ခွန်ပေးဆောင်ရသည့် တန်ဖိုးအတိုင်း ကုန်ကျစရိတ်များကို တာဝန်ခံပေးပို့သူထံမှ ပြန်လည်တောင်းခံသွားမည်ဖြစ်သည်။
၄။ နစ်နာကြေး
(က) NC Express မှ ဝန်ထမ်းများ၏ ပေါ့ဆမှုကြောင့် ပျက်စီး ပျောက်ဆုံးမှုများ ဖြစ်ပေါ်လာပါက ပစ္စည်းပေးပို့သူဘက်မှ ပစ္စည်းတန်ဖိုးကို အထောက်အထားခိုင်လုံစွာတင်ပြရပါမည်။
(ခ) ပစ္စည်းပျောက်ဆုံးမှု ဖြစ်ပေါ်လာပါက ပို့ခ၏ (၅ဆ) အထိ အမြင့်ဆုံးပေးလျှော်သွားမည်ဖြစ်ပြီး ပစ္စည်းတန်ဖိုးမှာ ပို့ခ၏ (၅ဆ) ထက်လျော့နည်းနေပါက ပစ္စည်းတန်ဖိုးအတိုင်း ပေးလျော်သွားမည်ဖြစ်သည်။
(ဂ) ပစ္စည်းပျက်စီးမှု ဖြစ်ပေါ်ပါက ပို့ခ၏ (၃ဆ) အထိ အမြင့်ဆုံးပေးလျော်သွားမည် ဖြစ်ပြီး ပစ္စည်းတန်ဖိုးမှာပို့ခ (၃ဆ) ထက်လျော့နည်းနေပါက ပစ္စည်းတန်ဖိုးအတိုင်း ပေးလျော်သွားမည်ဖြစ်သည်။
(ဃ) ပစ္စည်း ပျောက်ဆုံး/ပျက်စီးမှုနှင့် ဆက်စပ်သည့်ငွေရေးကြေးရေး စီးပွားရေး ဆုံးရူံးနစ်နာမှုများ အတွက် NC Express မှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
(င) သဘာဝဘေးအန္တရာယ်၊ ရန်သူမျိုးငါးပါးကြောင့် ပစ္စည်းပျောက်ဆုံး/ပျက်စီးဆုံးရူံးနစ်နာမှုများအတွက်
NC Express မှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။
(စ) ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက NC Express ၏အဆုံးအဖြတ်အတိုင်းသာအတည်ဖြစ်ပါသည်။
၅။ လျှော်ကြေးတောင်းခံသည့်လုပ်ဆောင်မှု အဆင့်ဆင့်
(က) လျှော်ကြေးများ အားလုံးကို ပေးပို့သူဘက်မှ စာဖြင့်ရေးသားတင်ပြရမည်ဖြစ်ပြီး ပစ္စည်းပို့ပြီး (၁၄)ရက်
အတွင်း NC Express သို့စာရောက်ရှိရန် လိုအပ်ပါသည်။
၆။ ပစ္စည်းပို့ဆောင်မှု စစ်ဆေးခြင်း
(က) NC Express မှပေးပို့မှု အမျိုးအစား အလိုက် တင်ပို့ပြီးကုန်ပစ္စည်းများ၏ အခြေအနေကောင်းမွန်မှုများကိုသိရှိရန် စစ်ဆေးခြင်း၊ရောက်ရှိမှု စစ်ဆေးခြင်းအား လုပ်ဆောင်မှု အဆင့်ဆင့်ဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းပစ္စည်းအတွက် တာဝန်ရှိမှုများနှင့် မသက်ဆိုင်ပေ။
(ခ) မည်သည့် နိုင်ငံ /မြို့ တွင်မဆို တရားဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများအား NC Express မှတာဝန်ယူမည် မဟုတ်ပါ။
(ဂ) သက်ဆိုင်ရာ ကားဂိတ်များ၊အခွန်ရုံးများနှင့် တာဝန်ရှိရုံးများတွင် စစ်ဆေးခြင်းကိစ္စရပ်များ အတွက်ပေးပို့သူ၏ ပစ္စည်းပျက်စီးဆုံးရူံးမှုများကို NC Express မှတာဝန်ယူမည် မဟုတ်ပါ။
၇။ သယ်ယူခွင့်မရှိသော ပစ္စည်းများ
(က) NC Express မှ တည်ဆဲဥပဒေများဖြင့် ဆန့်ကျင်သည့်ပစ္စည်းများ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ
စေသော ပစ္စည်းများ၊ မီးလောင်လွယ်သော ရေဒီယိုသတ္တိကြွသောပစ္စည်းများ နှင့်အခြားအန္တရာယ်ရှိနိုင်သော
ပစ္စည်းများ၊ ပြင်းထန်စွာပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ဗျောက်များ၊ ရွှေထည် ငွေထည်များ၊ ငွေချေးစာရွက်များ၊ အကြွေစေ့များ၊ သေစေသောအဆိပ်များ၊ ရွှေဖြူ၊ တန်ဖိုးရှိသောကျောက်မျက်များ၊ သတ္တုများ၊ ခိုးရာပါပစ္စည်းများ၊ ချက်လက်မှတ် ငွေပို့လွှာများ၊ ခရီးသွားလက်မှတ်များ၊ နိုင်ငံကူးလက်မှတ်များ၊ အများနှင့်သက်ဆိုင်သော လျို့ဝှက်စာချုပ်စာတမ်းများ၊
(ရှေးဟောင်းပစ္စည်းများ၊ပန်းချီကားများ၊သက်ရှိသစ်ပင်နှင့်သက်ရှိ တိရစ္ဆာန်များအား ပို့ဆောင်ပေးမည်မဟုတ်ပါ။)
(ခ) ပေးပို့သူမှ NC Express သို့ထုတ်ဖော်ပြောဆိုထားခြင်းမရှိသည့် ကုန်ပစ္စည်းများ၏ ပျက်စီးဆုံးရူံးမှု များကို NC Express မှတာဝန်ယူမည် မဟုတ်ပါ။ ပစ္စည်း၏မူလတန်ဖိုးကိုဖော်ပြထားမှသာလျှင် ပေးလျှော်ခြင်းကဏ္ဏအားဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
(ဂ) အထက်ပါစည်းမျဉ်းစည်းကမ်းချက်များအား ချိုးဖောက်ထားခြင်းတွေ့ရှိပါက NC Expressမှ လုပ်ထုံး
လုပ်နည်းများ အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။